top of page

ဗမာ-အမေရိကန်စန္ဒရားပညာရှင် Austin B. Chen သည် ဆယ်စုနှစ်တစ်ခုကျော် ဂီတပညာရပ်တွင် နှစ်မြှုပ်ထားသူတစ်ဦးဖြစ်သည်။​ သူသည် Columbia တက္ကသိုလ်ရှိ Teachers ကောလိပ်တွင် စန္ဒရားသင်ကြားပေးသူအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ထို့အပြင် သူသည်  Los Angeles၊ California နှင့် New York မြို့၊ New York တို့တွင်  ကိုယ်ပိုင်ဂီတ သင်တန်းကျောင်းနှစ်ခုကို ဦးစီးတည်ထောင်ခဲ့သည့်အပြင် ၎င်းတို့ရှိစန္ဒရားသင်ကြားမှုအပိုင်းတွင်လည်း ဦးဆောင်ခဲ့သည်။​

မစ္စတာ Chen သည် အမေရိကန်ပြည်ထောင်စု နှင့် နိုင်ငံတကာရှိ ဖျော်ဖြေပွဲများ၊ ပြိုင်ပွဲများတွင်လည်း ပါဝင်ခဲ့သည်။ သူသည် နိုင်ငံတကာ စန္ဒရားပြိုင်ပွဲအများအပြားတွင် ဆုရရှိခဲသူတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနှံ့အပြားရှိ သံစုံတီးဝိုင်းများတွင်လည်း ဖျော်ဖြေခဲ့သည်။ သူ၏တင်ဆက်မှုများအပေါ် ပရိတ်သတ်များ၊ ဝေဖန်ရေးဆရာများမှ အံ့အားသင့်ဖွယ် တုံ့ပြန်မှုများရှိကြပြီး သူ၏ ဖျော်ဖြေမှုများအား “လျှပ်စီးပြက်သကဲ့သို့ ရင်သပ်ရှုမောပြီး မမေ့နိုင်စရာ” ဖြစ်သည်ဟု ချီးကျူးခဲ့ကြသည်။ သူ့ကြိုးပမ်းမှုများ၏ ရလာဒ်အဖြစ်၊ Austin သည် နယူးယောက်ရှိ ကာနက်ဂျီခန်းမ၊ ဗီယင်နာရှိ Ehrbar Saal နှင့် ဂျာမနီနိုင်ငံရှိ Großes Haus Staatsteaterတို့ကဲ့သို့ အထင်ကရနေရာများတွင် ဖျော်ဖြေခဲ့သည်။​ သူသည် the World ဂျာနယ်၊ Pacific Times၊ Global Chinese Times၊ International Daily News၊ Deutschland Braunschweiger Zeitung နှင့် Sky Link TV တို့တွင် ဖော်ပြခြင်းခံခဲ့ရသည်။​

 

Austin သည် Hannover, Germany ရှိ ဂီတတက္ကသိုလ်မှ ပညာသင်ကြားခဲ့ပြီး ဂုဏ်သိက္ခာကြီးမားသော Juilliard School နှင့် Columbia တက္ကသိုလ်တို့မှ ဘွဲ့ရရှိထားသည်။ သူ၏ ဖျော်ဖြေတင်ဆက်မှုများ၊ သင်ကြားခြင်းများမှ တစ်ဆင့် သူ၏ ဂီတဝါသနာကို မျှဝေပေးခြင်း၊​ အခြားသူများကို ဂီတတွင် စိတ်အားထက်သန်စေခြင်းတို့အတွက် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

pianistabc.jpeg

Burmese-American pianist Austin B. Chen has been immersed in the realm of music education for over a decade. He was appointed Piano Instructor at Teachers College, Columbia University and founded two private music institutions in Los Angeles, California and New York City, New York where he was head piano faculty.

 

Mr. Chen has has appeared throughout the United States and abroad for extensive concerts and competitions. He received prizes from many international piano competitions and has appeared with orchestras throughout the United States. His performances have grasped enthusiastic responses from audiences and critics, hailing his interpretations as "breathtaking and unforgettable with full of thunderous turmoil". As a result of his accomplishments, Austin has performed at notable venues such as Carnegie Hall in NY, Ehrbar Saal in Vienna, and Großes Haus Staatsteater in Germany. He was also featured on the World Journal, Pacific Times, Global Chinese Times, International Daily News, Deutschland Braunschweiger Zeitung, and Sky Link TV.

 

Austin received his education from the University for Music in Hannover, Germany and graduated from the prestigious Juilliard School and Columbia University. He remains committed to sharing his passion for music and inspiring others through his performances and teaching endeavors.

သင် သင်ယူရမည့်အရာများ :
Here's what you'll learn

အွန်လိုင်းစန္ဒရားသင်တန်းအား မြန်မာနိုင်ငံအတွင်းရှိကျောင်းသားတိုင်း ထိပ်တန်းစန္ဒရားပညာရေးကို လက်လှမ်းမှီစေရေးဟူသော မူအပေါ်တွင် တည်ထောင်ထားခြင်းဖြစ်ပါတယ်။ သင်ခန်းစာများတစ်လျှောက်၊ ကျောင်းသားများဟာ မရှိမဖြစ်လိုအပ်တဲ့ စန္ဒရားအရည်အသွေးများရရှိခြင်းအပြင်၊​ဂီတလွတ်လပ်မှု၊ ဖန်တီးနိုင်စွမ်း နှင့် မိမိကိုယ်ကိုဖော်ထုတ်နိုင်မှုတို့ကိုပါ ရရှိနိုင်မှာပါ။ ဂီတသီအိုရီ ကနေ ဂီတ sheet နဲ့ rhythm များအထိ များပြားတဲ့ခေါင်းစဥ်တွေကို လွှမ်းခြုံထားတဲ့ သင်ရိုးကလည်း စွယ်စုံကျွမ်းကျင်တဲ့ ဂီတပညာရှင်တွေကို မွေးထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။

 

The online piano course is founded on the principle that every student in Myanmar should have access to top-tier piano education. Throughout the lessons, students will not only acquire essential piano skills but also foster musical independence, creativity, and self-expression. Covering a diverse array of topics—from music theory to reading sheet music and rhythms—the curriculum is designed to cultivate well-rounded musicians. 

စန္ဒရားနည်းစနစ်
Piano Technique

ကောင်းမွန်တဲ့ လက်တီးကွက် (Fingering)၊ လက်ချောင်းကျွမ်းကျင်မှု နဲ့ သွက်လက်မှုတို့လို မရှိမဖြစ် စန္ဒရားနည်းစနစ်တွေကို ကျွမ်းကျင်ဖို့ သင်ယူနိုင်မယ်

Learn to master essential piano techniques such as proper hand positioning, finger dexterity, and agility.

ဂီတသီအိုရီ
Music Theory

အပြန်အလှန်ထိတွေ့မှုရှိတဲ့ သင်ခန်းစာတွေနဲ့အတူ ကော့ဒ်များ၊ နုတ်ဖတ်ခြင်း အပါအဝင် ဂီတသီအိုရီတွေကို လေ့လာနိုင်မယ်။

Explore music theory fundamentals, including chords, note reading, and more through interactive lessons.

Rhythm

သင်တန်းသားတွေဟာ rhythm သင်္ကေတစနစ်တွေကို ဖတ်ရှုဖို့ သင်ယူရမယ်၊ စည်းချက်သဘောတရားကိုနားလည်လာမယ်၊ rhythm လေ့ကျင့်ခန်းတွေနဲ့အတူ စည်းချက်ပိုမိုကောင်းမွန်လာမယ်။

Students will learn to read various rhythmic notation, develop a sense of pulse, and improve beats with rhythmic exercises.

ဂီတဖျော်ဖြေမှုပညာရပ်

Musicianship

သင်တန်းသားတွေဟာ စွယ်စုံရဂီတပညာရှင်များဖြစ်လာဖို့အတွက် ဂီတဖော်ပြမှု၊ အဓိပ္ပာယ်ပြန်မှု နဲ့ တီးဝိုင်းဖျော်ဖြေမှုပညာရပ်များကို သိရှိသွားမယ်။​

Students will develop musical expression, interpretation, and ensemble playing skills to become well-rounded musicians.

myanmar.png

မြန်မာ့ဂီတ
Burmese Music

မြန်မာနိုင်ငံက ခေတ်ဟောင်း နဲ့ ပေါ့ပ်သီချင်းတွေအပါအဝင် ကျော်ကြားတဲ့ မြန်မာသီချင်းတွေကို စန္ဒရားနဲ့ ဘယ်လိုတီးခတ်ရမလဲဆိုတာ သင်ယူရမယ်။​

Learn how to play popular Burmese music on the piano, including traditional and pop music from Myanmar.

အနောက်တိုင်းဂီတ
Western Music

ခေတ်ဟောင်း နဲ့ ပေါ့ပ်သီချင်းတွေအပါအဝင် ကျော်ကြားတဲ့ အနောက်တိုင်းဂီတကို စန္ဒရားနဲ့ ဘယ်လိုတီးခတ်ရမလဲဆိုတာ သင်ယူရမယ်။​

Learn how to play popular Western music on the piano, including traditional and pop music.

Solfege

နားလေ့ကျင့်ခြင်း နဲ့ pitch မှတ်မိနိုင်စွမ်းတွေ ဖွံ့ဖြိုးဖို့ တရားဝင်ဂီတဘာသာစကားကို သင်ယူရမယ်။

Learn the official music language to develop ear training and pitch recognition skills.

အင်္ဂလိပ်
English

ဘာသာစကားနှစ်မျိုးနဲ့ လမ်းညွှန်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို လိုက်သင်ယူရင်း သင့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကိုလည်း တိုးတက်စေနိုင်မယ်။​

Improve your English skills while learning music through bilingual instruction and activities.

bottom of page